ပုသိမ်ကြီး၊ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေဦးဆောင်၍ ကော်မတီဝင်များမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ပုသိမ်ကြီးမြို့ ဗောဓိဉာဏဓမ္မရိပ်သာတွင် Quarantine ဝင်ရောက်သီတင်းသုံးနေသည့် သံဃာတော်များအား အာဟာရဒါနဆွမ်းများ ဆက်ကပ်လှူဒါန်းလျှက်ရှိသည်။
ထို့သို့ လှူဒါန်းရာတွင် တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲနှင့် အချိုရည်တို့ကို ဆက်ကပ်လှူဒါန်းလျှက်ရှိပြီး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှလည်း အသုံးအဆောင် ပစ္စည်း(၇) မျိုးအား သံဃာတော်အပါး (၈၀) အတွက် လှူဒါန်းမှုများရှိကြောင်း Quarantine Centre ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ သံဃာတော် (၇၉)ပါးမှာ နိုဝင်ဘာ ၃ရက်နေ့က Quarantine Centreသို့ ရောက်ရှိခဲ့ပြီး၊ Swab ရယူ စစ်ဆေးရာတွင် သံဃာ(၃)ပါး Positive အဖြေထွက်၍ မန္တလေးကန်တော်ကြီးရှိ သံဃာဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး၊ လက်ရှိ Quarantine Centreတွင် သံဃာတော် (၇၆)ပါး သီတင်းသုံးနေလျှက်ရှိကြောင်း သိရသည်။
ဇာနည်ကိုကို