စဉ့်ကိုင်မြို့နယ်၌(Quarantine)ဝင်ရောက်နေသူမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး

စဉ့်ကိုင်   နိုဝင်ဘာ    ၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များ မှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက Quarantine များ တွင် ကိုဗစ်−၁၉  ရောဂါ ကာကွယ်  ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာ တွင်မြို့နယ်အတွင်းရှိ Quarantine ထားရှိသည့်  နေရာများဖြစ်သော ဘယ်လင်း ကျေးရွာအုပ်စု ကျောက်မိုင်း ဝန်ထမ်း အိမ်ယာတွင် (၁၃) ဦး၊  တောမကျေးရွာရှိ      ကျောက်ဆည် တက္ကသိုလ်တွင်  (၂)ဦး  နှင့် တအုံကျေးရွာ ရှိ    ကွန်ပြုတာ တက္ကသိုလ်( မန္တလေး) တို့  တွင်  (၂)ဦး  စုစုပေါင်း မဲဆန္ဒရှင် (၁၇)ဦး တို့ က မိမိတို့  ရပ်ကွက် /ကျေးရွာ များ အလိုက် မဲဆန္ဒရှင်  စာရင်းတွင် ပါဝင်သည့်ကြိုတင်         ဆန္ဒမဲများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်  အညီ ကြိုတင် ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲများ ပေးရာတွင် ဒုတိယမြို့နယ်  အုပ်ချုပ်ရေးမှုး ဦးဝင်းစိုး၊  မြို့နယ်ရွေးကောက် ပွဲကော်မရှင်  အဖွဲခွဲ အတွင်းရေးမှုး ဦးအောင်ဆန်းဦး၊ ကျေးရွာ  ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ  တာဝန်ရှိသူများနှင့်  မြို့နယ်ပရဟိတအဖွဲ့ဝင်များမှပူးပေါင်း၍ Quarantine ဝင်ရောက်နေ သူများအား ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်-ပြန်/ဆက်)