အင်တော နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အင်တောမြို့ရှိ ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံ(၂၁)ရုံ၌ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်ဆန္ဒမဲပေးသူများ အဆင်ပြေစေရေး ညွှန်ကြားချက်များ နှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် မဲရုံပြင်ဆင်ရာတွင် အထောက်အကူပြုပစ္စည်းများ လုံလောက်မှု ရှိ/မရှိကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် မဲရုံအလိုက် တာဝန်ကျသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အောင်ခိုင်(အင်တော)