မြစ်သား နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံသုံးပစ္စည်းများဆက်လက်ထုတ်ပေးခြင်းနှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုရန်အတွက် ဆန္ဒပြုမဲလက်မှတ်များ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး သုံးအထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စာရင်းစစ်ရုံး၌ မြို့နယ် ရွေးကောက်ပွဲ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ၌ အသုံးပြုမည့် ကျန်ရှိနေသည ့်မဲရုံသုံးပစ္စည်းများကို ဆက်လက်ထုတ်ပေးခြင်း၊ ဆန္ဒပြုလက်မှတ်များထုတ်ပေးခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Handgel၊ လက်အိတ်၊ Faceshield၊ မျက်မှန်၊ KN-95 Mask၊ Hand Spray၊ PPE Fall set ၊ Apron၊ Glove၊ Surgical glove၊ Face Mask စသည့်ပစ္စည်းများကိုမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထုတ်ပေးလျက်ရှိရာ ရပ်ကွက်။ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လာရောက်ထုတ်ယူ လျက်ရှိကြောင်းသိရှိရသည်။
ဆုမွန်(ပြန်/ဆက်)