လေးမျက်နှာ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၈၄၈၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထိုသို့ မဲဆန္ဒပြုရာတွင် လေးမျက်နှာမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၈၃၄၅၇)ဦး ရှိသည့်အနက် အသက်(၆၀)နှစ် အထက်နှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် တာဝန်ဖြင့် ခရီးသွားလာမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ ကျန်းမာရေးမကောင်းသူ စုစုပေါင်း(၈၄၈၃)ဦးမှ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို ကိုယ်တိုင်လာရောက် မဲပေးနိုင်ပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်ရန်ခက်ခဲပါက ရပ်ကွက်/ ကျေးရွာ ကော်မရှင အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်ဟိန်း (ပြန်/ဆက်)