အင်းစိန်ဆေးရုံကြီး ခွဲစိတ်ခန်းတွင်အသုံးပြုရန် (PAPR) စက်တစ်စုံကို မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန MRTV ဝန်ထမ်းဟောင်းများအသင်းကလှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၆

အင်းစိန်ခွဲစိတ်ခန်းတွင်လိုအပ်နေသော မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းတို့ ခွဲစိတ်ရာတွင် အသုံးပြုသော (PAPR) စက်တစ်စုံကို ယနေ့ နံနက်  ၉ နာရီက အင်းစိန်ဆေးရုံကြီးတွင် မြန်မာ့ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန MRTV ဝန်ထမ်းဟောင်းများအသင်းကလာရောက်လှူဒါန်း ကြောင်းသိရသည်။

လှူဒါန်းရာတွင် အင်းစိန်ဆေးရုံကြီးခွဲစိတ်ခန်းတွင် လိုအပ်နေသော (PAPR) စက်တစ်စုံကို (၇)သိန်းကျပ် တန်ဖိုးရှိပြီး MRTV ဝန်ထမ်းဟောင်းများအသင်း အတွင်းရေးမှူး ဒေါ်လတ်လတ်မြင့်နှင့် အမှုဆောင်ဒါရိုက်တာ ဘုန်းဝေတို့က လှူဒါန်းရာ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းဌာနအထူးကု ဆရာဝန်ကြီးဒေါက်တာသက်တင်နှင့် တာဝန်ရှိသူများက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေး အပ်ခဲ့ကြောင်းသိရသည်။

မျိုးသန့်(ပြန်/ဆက်)