တောင်ဥက္ကလာပ နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က စတင်ကာ ရပ်ကွက်များအလိုက် သတ်မှတ် မဲရုံအသီးသီးတို့တွင် ဆန္ဒမဲပေးခြင်းများကို ကျင်းပ ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါ ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ နှာခေါင်းစည်း (Mask)များ ပေးဝေခြင်း၊ မျက်နှာကာ Face Shield များ ပေးဝေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ Social Distancing နှင့်အညီ စနစ်တကျ မဲရုံအပြင်တွင် တန်းစီစောင့်ဆိုင်းခြင်းနှင့် မဲရုံအတွင်းတွင်လည်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူ များက ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။
တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်၌ မဲဆန္ဒရှင်ပြည်သူ(၁၃၆၀၀၀) ကျော်ရှိပြီး မဲရုံပေါင်း (၁၂၄)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ အဆင်ပြေ ချောမွေ့စွာနှင့် စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)