ကွန်ဟိန်းမြို့ မဲရုံအသီးသီး၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြည်သူများ ဆန္ဒမဲပေး

ကွန်ဟိန်း  နိုဝင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယနေ့နံနက် ၆ နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်း (ကာလိမြို့အပါအဝင်) မဲရုံပေါင်း (၄၄)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၄၅၇၅၀)ဦး ရှိရာ အသက်(၆၀)နှစ်အထက် ဘိုးဘွားများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများနှင့် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကျမည့် ဝန်ထမ်းများက အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့များတွင်  ကြိုတင်ဆန္ဒမဲ ပေးထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။ ဆန္ဒမဲပေးရာတွင် မဲရုံများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)