သိန္နီမြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေး

သိန္နီ  နို၀င်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် နို၀င်ဘာလ(၈)ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက်(၆)နာရီ အချိန်မှစတင်၍ ပြည်သူများ ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံ တာ၀န်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေမလိုလက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေကွာခြား၍ တန်းစီနေရာချထား သတ်မှတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာ၀န်ရှိသူများကလည်း မဲရုံပြင်ပမှနေ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက် ရှိသည်။

သိန္နီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၃၈၇၁၉)ဦး ရှိပြီး၊ မဲရုံပေါင်း (၆၀) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ဖိုးချို (ပြန်/ဆက်)