မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြုလုပ်ကျင်းပသည့် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နံနက် (၆) နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာများရှိ မဲရုံအသီးသီး၌ ပြည်သူများ ဆန္ဒမဲလာရောက်ပေး လျက်ရှိသည်။

လိုင်လင်းပီမြို့ပေါ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲများပေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင် ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မွန်းတည့် ၁၂ နာရီ အချိန်အထိ ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ကန်ပိုက်တီမြို့၌ မဲပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင်ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တိမြို့အတွင်း ပြည်သူများ ဆန္ဒမဲပေးရာ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ကျန်မာရေးနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တီးတိန်တွင် မဲဆန္ဒရှင်များ ဆက်လက်မဲပေး

ချင်ပြည်နယ်၊ တီးတိန်မြို့တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆက်လက်၍ ဆန္ဒမဲများ ပေးလျက်ရှိသည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာနှင့် ဆန္ဒမဲပေး

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ မဲရုဲများတွင် ယနေ့ နံနက်(၆)နာရီ အချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာ နှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ယနေ့ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင်နံနက် ၆ နာရီမဲရုံမဖွင့်မီအချိန်ကပင်မဲပေးရန် အတွက် စိတ်ဝင်တစားလာရောက်ပြီး စနစ်တကျနံနက် စောစောကြိုတင်လာရောက်တန်းစီစောင့်ဆိုင်း သူများ အထူးများပြားခဲ့သည်။

တောင်ကြီးခရိုင်အတွင်းရှိ ပြည်သူများ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ် (တောင်ကြီး၊ အေးသာယာ၊ ကျောက်တစ်လုံးကြီး) ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့၌ မြို့နယ်နှင့်မြို့များအလိုက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မဲရုံများအား ယနေ့ နံနက် ၆ နာရီအချိန်က စတင်၍ ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဆင်ဘိုမြို့၌ မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့ နံနက်(၆)နာရီတွင် စတင်ကျင်းပရာ ဆင်ဘိုမြို့ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများတွင် အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေးလျက် ရှိကြောင်းသိရသည်။

ဟားခါးမြို့၌ မဲဆန္ဓရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မသန်စွမ်းများအသင်းဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်မှ မဲရုံသို့လာရောက်ဆန္ဒမဲပေး

တောင်ကြီးမြို့ကန်ရှေ့ရပ်ကွက် မဲဆန္ဒနယ်အမှတ−၂၊ မဲရုံအမှတ−၂ တွင် ရှမ်းပြည်နယ် မသန်စွမ်း သူများအသင်း ဥက္ကဋ္ဌ၊ မောနင်းစတားဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်မှ မဲရုံသို့လာရောက် ဆန္ဒမဲပေးကြောင်းသိရသည်။
Subscribe to