စုကလိ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ သတ်မှတ်မဲရုံ ၂ ရုံတို့တွင် ယနေ့နံနက် ၆ နာရီအချိန်မှစတင်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် အမှတ်(၁) ရပ်ကွက်နှင့် တာအုပ်ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များက စုကလိမြို့မဲရုံအမှတ် ၁ တွင်လည်းကောင်း၊ မဲကုလားကျေးရွာအုပ်စုနှင့် မိပါးကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များက ဝါးမီးထမဲရုံအမှတ် ၁ တို့တွင် အသီးသီးဆန္ဒမဲပေးနိုင်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၃၈၄၈ ဦး ရှိကြောင်းသိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)