ဇီးကုန်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပပြု ခဲ့လုပ်သော အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်နိုင်ရေးအတွက် လွှတ်တော် အသီသီးတွင် အရွေးခံလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးခြင်းစီရရှိသော ခိုင်လုံမဲများ ပြုစုထားသော ပုံစံ(၁၉)နှင့်ပုံစံ(၁၉-က)စာရင်းများကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ် ရေးထိုး အတည်ပြုခဲ့ကြသည်။
လက်မှတ်ရေးထိုးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)ဦး၊ လွှတ်တော် ကိုယ်စားလှယ်လောင်း(သို့မဟုတ်) ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေ များ စုစုပေါင်း(၁၂)ဦးက ရွေးကောက်ပွဲမဲရလဒ်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက “ပုံစံ(၁၉)သည် လွှတ်တော် သုံးရပ်ဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များဖြစ်ပြီး ပုံစံ(၁၉-က)သည် တိုင်းရင်းသားလူမျိုးလွှတ်တော် အတွက် ဖြစ်ကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရရှိသော ခိုင်လုံမဲများကို ထုတ်ပြန် ကြေညာ နိုင်ရေး အတွက် အတည်ပြုလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
တင့်ဆွေ(ပြန်/ဆက်)