ရွှေတောင် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ် များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၉:၃၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အသိအမှတ်ပြု လက်မှတ်ရေးထိုးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ပြည်သူများတက်ရောက်၍ အသိသက်သေပြု လက်မှတ် ရေးထိုးခဲ့ကြကြောင်းသိရကြသည်။
ကိုကိုမင်း(ပြန်/ဆက်)