မြစ်သားမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ရုပ်ပြစာအုပ်မျိုးစုံ လာရောက်လှူဒါန်း

မြစ်သား၊  နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်နေ အလှူရှင်ဦးတင်ကြိုင်+ ဒေါ်ခင်သိန်း (မိသားစု)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ကလေးရုပ်ပြစာအုပ်မျိုးစုံကို ယနေ့ နေ့လယ်(၁)နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်မိသားစုမှ ကလေးစာဖတ်ခန်းတွင် ကလေးများ လာရောက်လေ့လာဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟု သုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ကလေးစာပေများကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် လာရောက်လှူဒါန်းသည့် စာအုပ်များမှာ ငွေကျပ်(၄၅၀၀)တန်ဖိုးရှိ ကလေးများအတွက် ပညာပေးရုပ်ပြစာအုပ်များနှင့် ဓမ္မရုပ်ပြစာအုပ်မျိုးစုံ (၉၀) အုပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

မြမြမွန်(ပြန်/ဆက်)