ကျုံပျော်တွင် လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း (အခမဲ့)သင်တန်းဖွင့်လှစ်မည်

ကျုံပျော်  နိုဝင်ဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ကာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း (အခမဲ့)သင်တန်းကို အဆို ပါရုံးတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှ ၂၄ ရက်နေ့အထိ (၁၅) ရက်ကြာ၊ နံနက် ()နာရီခွဲမှ ညနေ () နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းသား (၂၀)ဦးကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ သင်တန်း တက်ရောက်လိုသူများအား သင်တန်းသား လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း၊ ပညာအရည် အချင်း ကန့်သတ်မှု မရှိကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာ ၄ ရက်နေ့ နောက်ဆုံးထားကာ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖုန်းနံပါတ် ၀၄၆ - ၅၆၆၆၀၊ ၀၉ ၂၅၉၀၄၄၈၇၇ နှင့် ၀၉- ၄၀၁၆၁၂၈၀၇ သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း၊ သင်တန်းတက်ရောက်သူများအား Mask၊ ဆပ်ပြာရည်၊ လက်အိတ်များကို ဌာနမှ ထုတ်ပေးကာ ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)