ကလေး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူ့ အငှားအိမ်ယာ (အိတ်စွပ်) ရှိ အထူးကြပ်မတ် ဆောင်တွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၅) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ် ချက်များအရ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့ နံနက် (၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိကြသူ (၅) ဦးတို့သည် ကလေးမြို့ အောင်သစ္စာရပ်ကွက် နယ်မြေ(၈)တွင် နေထိုင်ကြသည့် အသက်(၈၅) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၃၉)နှစ်အရွယ် အမျိုးသမီး (၁) ဦး၊ အသက် (၆)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၆) လအရွယ် အမျိုးသား(၁)ဦးနှင့် ချမ်းမြေ့ အောင်စည်ရပ်ကွက် နယ် မြေ(၁၁)တွင် နေထိုင်သည့် အသက်(၆၃)နှစ်အရွယ် အမျိုးသမီး(၁)ဦး တို့ဖြစ်ကြပြီး ၎င်း(၅)ဦးတို့အား ကလေး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများ က ဆေးရုံဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြကာ ဆေးရုံဆင်းပြီးနောက် လိုက်နာ ရမည့်အချက်များကို တိကျလိုက်နာစေရန် မှာကြားခဲ့ကြပြီး လူနာတင်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အသီးသီးပို့ဆောင်ပေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယနေ့ထိ ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၁၅၂) ဦးအထိ ရှိပြီး ၎င်းတို့အနက် (၁၁၆) ဦးတို့သည် ဆေးရုံဆင်းခွင့် ရရှိခဲ့ကြပြီး ကျန်ရှိနေသည့် အတည်ပြုလူနာ (၃၆) ဦးတို့အား ကလေးမြို့ တိုင်းရင်းဆေးရုံကြီးရှိ အထူး ကြပ်မတ်ဆောင်နှင့် ပြည်သူ့ အငှားအိမ်ယာ (အိတ်စွပ်) ရှိ အထူးကြပ်မတ်ဆောင်တို့တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)