သန်လျင် နိုဝင်ဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အထောက်အပံ့မဲ့နွမ်းပါး သက်ကြီးရွယ်အိုများအား အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် အလှူငွေများအား ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ရပ်ကွက်နှင့် ကျေးရွာများရှိ အထောက်အပံ့မဲ့နွမ်းပါး အဖိုး၊ အဖွားများရှိရာ နေအိမ်များသို့ သွားရောက်ကူညီထောက်ပံ့ပေး လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီထောက်ပံ့ပေးရာတွင် One ထောင် Group အလှူရှင်များဖြစ်သော ဦးမောင်မောင်မြင့်နှင့် Group အလှူရှင်များက အထောက်အပံ့မဲ့နွမ်းပါး သက်ကြီးရွယ်အို ၂၀၀ ကျော်အား ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် အလှူငွေများအား အဖိုး၊ အဖွားများရှိရာ နေအိမ်များအရောက် သွားရောက်ကာ ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို အထောက်အပံ့မဲ့နွမ်းပါး အဖိုး၊ အဖွားများ၏ စား၊ ဝတ်၊ နေရေးနှင့် ကျန်းမာရေးများအတွက် ကူညီထောက်ပံ့ပေးနိုင်ရေး One ထောင် Group အလှူရှင်များက တစ်လလျှင် ငွေကျပ် ၁၀၀၀ စီအား စုပေါင်း၍ အမှန်တကယ် အခက်ခဲရှိသော အထောက်အပံ့မဲ့နွမ်းပါး သက်ကြီးရွယ်အိုများရှိရာသို့ သွားရောက်၍ စနစ်တကျ လှူဒါန်းပေးလျက်ရှိကြောင်းနှင့် အဆိုပါ ထောက်ပံ့ကူညီ လှူဒါန်းပေးရာသို့ လုပ်အားဒါနနှင့် အခြေခံစားသောက်ကုန်များ၊ အလှူငွေများအား ပေးအပ်လှူဒါန်းလိုပါက ဖုန်း ၀၉ ၅၁၆၆၈၈၇၊ ၀၉ ၂၅၄၅၃၇၅၅၀၊ ၀၉ ၄၂၁၀၇၆၅၉၄ သို့ ဆက်သွယ် ထောက်ပံ့ကူညီ ပေးအပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)