ပုလဲမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပုလဲမြို့နယ် အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ)နှင့် ပြည်သူ့အငှား အိမ်ရာ(အိတ်စွပ်)ရှိ အထူးကြတ်မတ်ဆောင်တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၆) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန် သောကြောင့် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထကြိမ်မြောက် ပေးအပ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြသည်။

မိုင်းလုံမြို့၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန် ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးမြို့ သီရိဟံသာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များ အဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာများကို အခြေခံစံသတ်မှတ်ချက်များနှင့်အညီ ယမန်နေ့နံနက် ၁၀ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆွေးနွေးညှိနှိုင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလဖြစ် သော်လည်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် (ကြက်ဉ)မရွေးမုန့်လုပ်ငန်း ရောင်းချနေရ၍ မိသားစုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် (ကြက်ဉ)မရွေး မုန့်လုပ်ငန်း လုပ်ကိုင်ကြသူများ ကိုဗစ် - ၁၉ ကာလဖြစ်သော်လည်း ရောင်းချနေရ၍ ပုံမှန် လည်ပတ် လုပ်ကိုင်နေကြကြောင်း အဆိုပါ ကျေးရွာမှ (ကြက်ဥ)မရွေးမုန့်လုပ်ငန်း လုပ်ကိုင် သူ ဒေါ်ခင်စန်းဝင်းထံက သိရသည်။

အင်္ဂပူမြို့တွင် အထူးရဲများအား ဂုဏ်ပြုမှတ်တန်းလွှာ ပေးအပ်

အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ အထူးရဲများအား ဂုဏ်ပြမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး‌အေးဝင်း၊ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မ ရဲစခန်းမှူး ဒုရဲမှူး‌ ကျော်စိုးဦး၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အထူးရဲများ တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းလမ်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအား ယမန်နေ့ နံနက်ပိုင်းက ပဲခူးလမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to