မတ္တရာ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေသော ရှင်လှကျေးရွာမှ ၂၈ ရက်သား ကလေးငယ် အပါအဝင် မိခင်ဖြစ်သူနှင့် အဘွားဖြစ်သူတို့ (၃) ဦးမှာ ရောဂါ သက်သာ ပျောက်ကင်း ပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့(ဒင်္ဂါးချောင်း) ကိုဗစ် - ၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်မှ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆) ဦး၊ အခြားရောဂါပိုးတွေ့ရှိခဲ့သူ (၉) ဦး စုစုပေါင်း (၁၅) ဦး တက်ရောက်ကုသမှုခံယူခဲ့ပြီး (၆) ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိပြီ ဖြစ်သည်။
လက်ရှိအချိန်၌ မတ္တရာပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးအား ဆက်လက်ကုသစောင့်ကြည့်နေပြီး လူနာအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)