ငရုတ်ကောင်းမြို့၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သောငွေများကို ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၅၂)စုထံသို့ ပေးအပ်

ငရုတ်ကောင်း  နိုဝင်ဘာ  ၁၉

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ်၁၉-ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများကို အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၃၅၂)စုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်

ထို့သို့ပေးအပ်ရာတွင် ငရုတ်ကောင်းမြို့ အမှတ်()ရပ်ကွက်ရှိ အိမ်ထောင်စု(၁၃၅)စုနှင့် အမှတ်()ရပ်ကွက် အိမ်ထောင်စု (၂၁၇)စုများအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း မှစတင်၍ အိမ်ထောင်စုများထံသို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ငရုတ်ကောင်းမြို့ အမှတ်() ရပ်ကွက်နှင့် အမှတ်()ရပ်ကွက်ရှိ အိမ်ထောင်စု(၃၅၂)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေကျပ်(၇၀) သိန်း()သောင်းကို တစ်အိမ်ထောင်လျှင် ကျပ်(၂၀၀၀၀)နှုန်းစီခွဲဝေကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)