ဖလမ်းမြို့၌ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show )ပြုလုပ်

ဖလမ်း  နိုဝင်ဘာ  ၂၅ 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖလမ်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဖလမ်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးရှိန်းတမ်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဖလမ်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေက ကလေးငယ်များကို မြေပြင်၌ အမှန်တကယ် ထိခိုက်စေသောအကြောင်းရာများဖြစ်သည့် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း တို့ကိုကာကွယ်ရေး၊ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အကြောင်း အရာများဖြင့် လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဦးမင်းသူက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဖလမ်း၊ခရိုင်ပြန်ဆက်