အောင်လံမြိုတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တာဝေးစက်ဘီးစီးပြိုင်ပွဲကျင်းပ
အောင်လံ ဇန်နဝါရီ ၃
အောင်လံမြို့နယ် စက်ဘီးပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၅၄)မိုင် တာဝေးစက်ဘီးစီး ပြိုင်ပွဲကို ယနေ့ နံနက် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ရာ ပြည်လမ်းငြိမ်းစတိုးရှေ့မှ ပြိုင်ပွဲဝင် အားကစားသမား (၁၄) ဦး ဖြင့် စတင်တာထွက်ခဲ့ပြီး အောင်လံမြို့မှ (၂၇) မိုင်ခန့်ကွာဝေးသည့် ယုံဖြူတောင်နယ်ခြားမှတ်တိုင်သို့ အသွား/အပြန် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။