သာကေတမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်

(Human Papillomavirus) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ်များအား ဒီဇင်ဘာလ(၂)ရက်နေ့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန် ၍ ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ(၇)ဦးအနက် (၆)ဦး မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီဖြစ်၍ ယမန်နေ့က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရ သည်။

ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့ မင်းလမ်းမပေါ်၌ ဆောင်ရွက်လျက်ရှိသည်။

မိုင်းဖြတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ Antigen (RDT)Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့သည်။

မိုးညိုမြို့နယ်တွင်ကိုဗစ်- ၁၉ပိုးတွေ့အတည်ပြုလူနာသစ် (၄)ဦးထပ်မံတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြု လူနာသစ် (၄)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ ၃ဦး ကျန်းမာရေးကောင်းမွန်လာ၍မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ၃ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာ၍ ဒီဇင်ဘာ ၁ရက်၊နံနက် ၁၀နာရီခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ချီဖွေမြို့၌ ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့ ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ World AIDS DAY 2020 လှုပ်ရှား ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၆) နာရီက မြို့နယ်စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပြင်ထွက်တိုင်းနှာခေါင်းစည်း(mask)တပ်ဆင်မှုအလေးထားဆောင်ရွက်ရန်စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှနေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းကိုအလေးထား‌၍ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ မှ   လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေးကြီးအတွင်း နှင့်မြို့လယ် ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ယမန်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင်သွားလာမှုရှိ၊မရှိ ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်းမာရေး ဆေးပေးခန်းတွင် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Subscribe to