ကလေး-ဖလမ်း-ဟားခါး ကားလမ်း၌ (၁၂)ဘီးကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံး
ဖလမ်း ဇန်နဝါရီ ၁၀
ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား ကလေး-ဖလမ်း-ဟားခါး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၇ နှင့် ၁၀၄/၀ ကြား၌ ယမန်နေ့ နံနက် ၂ နာရီခွဲခန့်က ကုန်များတင်ဆောင်သည့် (၁၂) ဘီးကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် (၁၅၀) ပေ ခန့် အနက်ရှိသော ချောက်ထဲပြုတ်ကျကြောင်းသိရသည်။