မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဘုန်းတော်ကြီးကျောင်းစာသင်တိုက်များသို့ နှာခေါင်းစည်း(Mask) နှင့် မျက်နှာကာ (Face Shield) များလှူဒါန်း

မိုးနဲ    နိုဝင်ဘာ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်တိုက်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှလှူဒါန်းသော  နှာခေါင်းစည်း (Mask) နှင့်မျက်နှာကာ (Face Shield) များကို ယနေ့နံနက် နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဝန်ထမ်းများ မြို့နယ် ကျန်းမားရေးဌာနမှ တာဝန်ရှိသူများ ၊မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ၊မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ၊မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်က‌‌လေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်းများက မြို့ပေါ် ဘုန်းတော်ကြီးကျောင်း စာသင်တိုက်ရှိသော ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတိုက်  ချမ်းသာကြီးကျောင်းတိုက်၊ သာသနာ့ပါလကျောင်းတိုက် ၊ဆုတောင်း ပြည့် ကျောင်းတိုက်နှင့် နမ့်မော်ဆွမ့် ကျေးရွာ စိန်တောင်ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ကျောင်းထိုင် ဆရာတော်များ၊ သံဃာတော်များနှင့် ကိုယ်ရင် အပါး ၅၀၀ ပါးအတွက် နှာခေါင်းစည်း (Mask) ၅၀၀ ခု ၊ မျက်နှာကာ ( Face Shield) ၅၀၀ ခုတို့ကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်ရှိ သံဃာအရေအတွက်အလိုက် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)