ကော့ကရိတ်မြို့ အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံတွင် မြို့သာယာလှပရေး အထင်ကရအဖြစ် ကြာပန်းဝိုင်းဆောက်လုပ်

ကော့ကရိတ် နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အထင်ကရအဖြစ် အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံရှိ ကြာပန်းဝိုင်းကို မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ(၂၀၁၉-၂၀၂၀)ဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကြာပန်းသည် ကော့ကရိတ်မြို့အထင်ကရအဖြစ် အာရှလမ်းမကြီးနှင့်မြို့အဝင် လမ်းဆုံတွင် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ကရင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံ​ငွေ (၂၀၁၉-၂၀၂၀) ဘဏ္ဏာ​ရေးနှစ် ငွေကျပ်(၃၅)သန်းဖြင့် ဆောက်လုပ်လျက်ရှိရာ ယခုတွင် (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း ကော့ကရိတ်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)