စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ အ.ထ.က(ခွဲ)ကျောင်း Facilities Quarantine Centre ရှိ အသွားအလာကန့်သတ်ထားသည့် ဆရာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

စေတုတ္တရာ      နိုဝင်ဘာ      ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ ..က(ခွဲ)ကျောင်း Facilities Quarantine Centre ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်သူများအနက် ဆရာတော်()ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ဆရာတော်မှာ နိုဝင်ဘာလ(၁၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊   ကြည့်မြင်တိုင်မြို့နယ်မှ မိမိ အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားသော မြေနီကုန်းကျေးရွာ ..က(ခွဲ)ကျောင်း Facilities Quarantine Centre တွင် အသွားအလာ ကန့်သတ် နေထိုင်ခဲ့ ကြောင်း၊ နိုဝင်ဘာ(၂၁)ရက်နေ့တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၏ ကြီးကြပ်မှုဖြင့်  ကျန်းမာရေး ဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Swab နမူနာယူ (RDT)ဖြင့် စစ်ဆေးခဲ့ရာ ပထမအကြိမ်တွင် ရောဂါပိုးမတွေ့ရှိဘဲ နိုဝင်ဘာ(၂၆)ရက်နေ့တွင် မြို့နယ်အတွင်းရှိ  Facilities Quarantine Centre များတွင် ကန့်သတ် စောင့်ကြည့်သူ (၁၁)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဓာတ်ခွဲ စစ်ဆေးချက် အဖြေများရရှိခဲ့ပြီး အဆိုပါ ဆရာတော်တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာ ကန့်သတ် စောင့်ကြည့်ရသူ (၁၀)တွင် ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ထံ မှ သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)