အုတ်ဖို ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူနေသူများ အနက်မှ ၁၃ ဦးအား ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Sister ဒေါ်တင်မိုးထွေးက ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများပေးအပ်ပြီး မိမိတို့နေအိမ်တွင် နေထိုင်ရမည့် စည်းကမ်း ချက်များကို မှာကြားသည်။ ထို့နောက် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပရဟိတအဖွဲ့များက မော်တော်ယာဉ်များဖြစ် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။ အုတ်ဖိုမြို့နယ်တွင် ယနေ့ အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၁၄၀)ဦးရှိရာ (၁၂၈) ဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် (၁၂)ဦး ဆေးကု သမှုခံယူနေဆဲဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)