စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာ​တော်မြို့တွင် ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှု အစီအစဉ် ဖြင့် စိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း( ၃၆၀၀၀ ) ထုတ်​ချေး

စစ်ကိုင်းတိုင်း​ဒေသကြီး၊မုံရွာခရိုင် အရာ​တော်မြို့နယ်တွင် ကိုဗစ်-၁၉စီးပွား​ရေး ကုစားမှု အစီအစဉ်ဖြင့်သီးနှံစိုက်ပျိုးစရိတ်​ချေး​ငွေများ ထုတ်​ချေးခြင်းလုပ်ငန်းကို ယ​​မန်နေ့က မြို့နယ် လယ်ယာဖွံ့ဖြိုး​ရေးဘဏ် မြို့နယ်ဘဏ်ခွဲရုံးနှင့်မြို့နယ်စည်ပင်(သီရိရတနာခန်းမ)တို့တွင် ​ဆောင်ရွက်​ပေးခဲ့​သည်။

ချီဖွေမြို့နယ်တွင် အိမ်ပြင်ထွက်သူများအား နှာခေါင်းစည်း တပ်ဆင်မှု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာ စျေးလမ်းဆုံနေရာတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအ​ရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၌ ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် အတည်ပြုခန့်အပ်သွားမည့် ဝန်ထမ်းအသစ်များအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပို့ချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု ပိုစတာများ ချိတ်ဆွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်တွင်းရှိ လမ်းဆုံလမ်းဂွများ၊ လမ်းဖြတ်တာများ၌ ဒီဇင်ဘာ အားကစားလ လူထုလှုပ်ရှားမှု ပိုစတာများ လိုက်လံချိတ်ဆွဲခဲ့ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်း​တို့ ပူးပေါင်း၍ စာရေးဆရာချစ်ဦးညို ရေးသားသည့် `` တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။

ကဝမြို့၌ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း ခြင်းကို ယမန့်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါရောင်းချ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက်ငွေလုံး ငွေရင်းလုပ်ငန်းတင်ဒါ ရောင်းချမှု အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်း ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ရပ်ကွက်(၃)၊ ဓမ္မာရုံတွင် ဆောင်ရွက် ခဲ့သည်။
Subscribe to