ကာလိ ၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် Quarantine Center ဆောင်ရွက်ထားရှိသည့် လွိုင်ချို (အ.မ.က)ကျောင်း နှင့် နမ့်ခုံးရှမ်းများပရဟိတ ရှိ ကန့်သတ်စောင့်ကြည့်ပြည်သူများအား ယနေ့ နေ့လယ်(၁) နာရီအချိန်ခန့် က တောင်ကြီးရုံးခွဲ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးရုံးခွဲ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒေါ်နန်းခင်နန္ဒာစိုး နှင့် ဝန်ထမ်းများက ဆန်၊ ဆီ၊ ဆား၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲနီလေး၊ ဘာလချောင်၊ ကြက်သွန်နီ ၊ အာလူး ၊ အသားတု၊ တဘက်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ လက်ကိုင် ဘလက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ Spray ၊ လက်သည်းညပ်၊ ခေါင်းလျှော် ရည်၊ လက်သန့်ဆေးရည် ဖြစ်သည့် ပစ္စည်း (၂၀)မျိုးတို့ဖြင့် ကာလိမြို့ရှိ Quarantine Center (၂)နေရာတွင် အသွားအလာကန့်သတ် စောင့်ကြည့်ပြည်သူ (၃၀) ဦး အတွက် လာရောက် ထောက်ပံ့ ပေးခဲ့ရာ ကာလိမြို့ အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူများမှ လက်ခံရယူ ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တောင်ကြီးရုံးခွဲ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကာလိမြို့ Quarantine Center (၂)နေရာတွင် လိုအပ်သည် များကို အသုံးပြုနိုင်စေရန် အလှူငွေ(၁)သိန်းကျပ်လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွ ယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း မှ လက်ခံ ရယူ ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)