စမ်းချောင်းမြို့နယ်အတွင်းရှိ lock down ကျခံနေရသော မိသားစုများအတွက် we love sanchaung နှင့်စေတနာရှင်များမှ အခြေခံစားသောက်ကုန်များလှူဒါန်း

စမ်းချောင်း ဒီဇင်ဘာ ၁၁ 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေးအတွက် We Love Sanchaung ပရဟိတအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်း၍ lock down ကျခံနေရသော ရပ်ကွက်( ၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၇)စု အတွက် အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် မုန့်လက်ဆောင်း(တောင်)ရပ်ကွက်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ အောင်ချမ်းသာ ရပ်ကွက်တို့ရှိ အခြေခံအိမ်ထောင်စု(၇)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)သား(၁) ဘူး၊ ခေါက်ဆွဲခြောက် (၅)ထုပ်၊ ငါးသေတ္တာ(၅)ဘူး ကုလားပဲ၊ ကြက်သားမှုန့်၊ ကော်ဖီမစ်၊ ငါးပိ ထောင်းဘူး၊ ကြာဇံ၊ ကြက်ဥ ၁၀ လုံး၊ ဆား တစ်ထုပ်စီတို့ကို We Love Sanchaung ပရဟိတအဖွဲ့မှ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)