မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy မှ Quarantine Center များတွင်အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း
မေတ္တာဖွံ့ဖြိုးရေးဖေါင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy တို့မှ မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Quarantine Center များတွင်အသုံးပြုရန် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ N95 များနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နေ့လယ်က မြန်အောင်မြို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရှိရသည်။