လမ်းမတော်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

လမ်းမတော်ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်ရှိပြီး မွေးကင်းစ ကလေးငယ်များအား        အသည်းရောင်အသားဝါဆေး၊ နှစ်လကလေးငယ်များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ လေးလ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ခြောက်လ ကလေးငယ်များ အားပိုလီယိုကာကွယ်ဆေး၊ပြင်းထန်အဆုတ် ရောင်(ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ကိုးလကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက် သိုးကာကွယ်ဆေး၊ (၂)နှစ်အောက် ကလေးငယ်များအား ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်အသည်းရောင်အသားဝါ (ဘီ) -ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများ က  အပတ်စဉ် ကြာသပတေးနေ့တိုင်းထိုးနှံပေးလျှက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ( ပြန်/ဆက်)