မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centerသို့ အလှူရှင်များမှ အလှူငွေများလာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိရန် သီးသန့်ဖွင့်လှစ်ထားသည့် Quarantine Center၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မလှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး ဘဏ်လုပ်ငန်းများအား စစ်ဆေး  

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက  မြို့နယ် အတွင်းရှိ ဘဏ်များနှင့် အသေးစား ငွေရေးကြေးရေး ဆောင်ရွက်နေသည့် လုပ်ငန်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိ စေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်းခြင်း  ရှိ/မရှိ ကို ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

မြစိမ်းရောင် ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်း

လပွတ္တာ​မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားခြင်းဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ချနိုင်ရန် ရည်ရွယ်လျက်၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်  မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်တီ ဖွဲ့စည်း ခြင်းအား (၁၁-၁၂-၂၀၂၀) ယမန်နေ့ နေ့လယ်(၁၂)နာရီကကျောက်တန်းကြီးအုပ်စု၊ ကျောက်တန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ညောင်ရွှေမြို့နယ်တွင် အကြီးဆုံးလက်ခုပ်ပင်ကြီးတစ်ပင်ကို တွေ့ရှိ မှတ်တမ်းတင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် အကြီးဆုံးဟုယူဆရသော လက်ခုပ်ပင် ကြီးအား ယမန်နေ့တွင် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး မှတ် တမ်းတင်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌အဝေးခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၁ နာရီက ကျင်းပခဲ့သည်။

သရက်မြို့၌ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီက ဗိုလ်ချုပ်အားကစားကွင်းအတွင်းဖွင့်လှစ်ထားသည့် ယာယီဈေးနှင့် စည်ပင်သာယာမြို့မဈေးတို့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် Mask တပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား Mask တစ်ခုလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့် ဝယ်ယူစေပြီး ခုဝယ်ခုတပ်စနစ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း က ထားဝယ်မြို့၊ ကရပ်ပြင် မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံများတွင် Mask  တပ်ဆင်ခြင်းမပြုပဲ သွားလာ နေသူများအား mask တစ်ခုလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့် ဝယ်ယူစေပြီး ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
Subscribe to