မလှိုင် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ် အတွင်းရှိ ဘဏ်များနှင့် အသေးစား ငွေရေးကြေးရေး ဆောင်ရွက်နေသည့် လုပ်ငန်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိ စေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်းခြင်း ရှိ/မရှိ ကို ယမန်နေ့ မနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
အဆိုပါနေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှဘ် ဦးလှထွန်းအောင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးကျော်စိုး ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင် ၊ တွဲဖက်အတွင်း ရေးမှူး ဒေါက်တာနေမင်းမျိုးထွန်း၊ အဖွဲ့ဝင်အဖြစ် မီးသတ်ဦးစီးမှူးဦးဇေယျာအောင်နှင့် မြို့နယ်စည်ပင် အမှုဆောင် အရာရှိ တို့လိုက်ပါ၍ ကမ္ဘောဇဘဏ် ၊ ဧရာဝတီဘဏ် ၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ)နှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများဆောင်ရွက်နေသည့် PGMF ၊ IBK ၊ Hana ၊ BRAC အဖွဲ့စည်း နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ရုံး အဝင်တွင် လက်ဆေးကန်(သို့)လက်သန့်ဆေးဗူးများထားရှိခြင်း၊ ဘဏ်သို့လာရောက်သူများအား အပူချိန်တိုင်တာ ပေးခြင်း၊ ဘဏ်ဝန်ထမ်းများအနေဖြင့် ပါးစပ်နှာခေါင်းစည်းများ၊ မျက်နှာဖုံးအကာများ လက်အိပ်များတပ်ဆင်ထားခြင်း ရှိ / မရှိ ၊ဘဏ်အတွင်း ငွေသွင်း/ငွေထုတ်လာသူများအား တစ်ဦးနှင့်တစ်ဦး(၆)ပေကွာနေရာသတ်မှတ်ပေးထားခြင်းရှိ မရှိ စစ်ဆေးခဲ့သည် ။
ထို့နောက် ဘဏ်လာရောက်သူများ Mask များတပ်ဆင်မလာပါက Mask များ ဝေငှပေးပြီး လက်သန့်ဆေးရည်များ ဖျန်းပေးရန် ၊အပူချိန်တိုင်းတာမှု မှတ်တမ်းထားရှိရန်၊ ဘဏ်လာရောက်သူများစာရင်းမှတ်တမ်းထားရှိရန်နှင့် လူစု လူဝေးမဖြစ်ရန် ဘဏ်ဝန်ထမ်းများ အလှည့်ကျ နားရန်မှာကြားခဲ့သည် ။ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ပျံ့ပွားမှု မရှိ စေရေးနှင့် ကြိုတင် ကာကွယ် ရေးအတွက် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို အမြဲတန်း တိ တိ ကျကျလိုက်နာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)