ထားဝယ်မြို့တွင် Mask တပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား Mask တစ်ခုလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့် ဝယ်ယူစေပြီး ခုဝယ်ခုတပ်စနစ်ဆောင်ရွက်

ထားဝယ် ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း က ထားဝယ်မြို့ကရပ်ပြင် မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံများတွင် Mask  တပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား mask တစ်ခုလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့် ဝယ်ယူစေပြီး ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်

ထို့နောက် ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းကို နှာခေါင်းစည်း (Mask)တပ် စေလိုသောအားဖြင့် (Mask) မတပ် သောသူများ ကို Mask တစ်ခုလျှင်ငွေကျပ်(၂၀၀)နှုန်းဖြင့်ဝယ်ယူစေပြီး ပြစ်ဒဏ်များချမှတ်ခဲ့သည်

အဆိုပါ အဖွဲ့သည် ထားဝယ်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ အနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သွားလာကြရန် မကြာခဏလက်ဆေးကြရန်၊ လူစု လူဝေးရှောင်ပြီး သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်

 

ကျော်ကျော်လတ်(ပြန်/ဆက်)