သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းများ လျာထားရာတွင် အနီးစပ်ဆုံးတွက်ချက်လျာထားကြရန် ၊ စနစ်တကျ ရေးဆွဲလျာထားကြရန် ပြောကြား ပြီး မြို့နယ်စီမံကိန်းဦးစီးရုံး တာဝန်ခံ ဒေါ်သိန်းစုက ဌာနဆိုင်ရာလုပ်ငန်းများလျာထားရာတွင် အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ဦးစားပေး အစီအစဉ်များ ၊ မျှော်မှန်းထားသည့် အကျိုး ရလဒ်များ၊ တာဝန် ဆောင်ရွက်မည့်လုပ်ငန်းဌာန၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၊ ဘဏ္ဍာငွေ ရယူသုံးစွဲမည့် ငွေကြေး အရင်းအမြစ်တို့ကို ရှင်းလင်းစွာထည့်သွင်းရေးဆွဲတင်ပြရန် ၊ ဌာနဆိုင်ရာများ မှ အဆိုပြုတင်ပြ လာသည့် လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုသဘောထားများနှင့်အညီ အတည် ပြုချက်ရယူပြီး ပေးပို့ရန်အတွက် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စောဗစ်တာခလိုက် ၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်းနှင့် ဌာနဆိုင်ရာများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေသန္တရစီမံကိန်း ရေးဆွဲရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)