ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ ဇမ္ဗူအရိပ် နာရေးကူညီမှုအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် (Ambulance)တစ်စီး ဝယ်ယူရန် အလှူငွေပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာရှိ ဇမ္ဗူအရိပ်နာရေးကူညီမှု အသင်းက အသုံးပြုရန်အရေးပေါ် လူနာတင်ယာဉ်(Ambulance)တစ်စီး ဝယ်ယူနိုင်ရေး ဒီဇင်ဘာ ၁၀ရက်နေ့က အလှူရှင်များ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ် ဆန်စပါးဒေသဆိုင်ရာကော်မတီ အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ  ၁၀ ရက်မွန်းလွဲ ၂ နာရီ ခန့်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင် သူများစုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်နိုင်ရန် ​​​​ ကန့်ဘလူမြို့နယ် ဆန်စပါးဒေသဆိုင်ရာကော်မတီ အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအနှင့်အညီ ကျင်းပပြုလုပ်၍ ဆန်စပါးမြို့နယ်အမှုဆောင်များ ရွေးချယ်ခဲ့ ကြောင်းသိရသည်။

ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

နောင်ဘိုကြီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဌာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ခရိုင်တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း/ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဈေးရောင်း/ ဈေးဝယ်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လျာထားဆောင်ရွက်မည့် လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရပ်ကွက်၊ ကျေးရွာများတွင် လျာထားဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးရုံးတွင် ကျင်းပသည်။

ဝေါမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဝင် ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဝေါမြို့နယ် အတွင်း ကွေ့ကြီးကျေးရွာအုပ်စု၊ ကျွန်းညိုစုကျေးရွာနှင့် မြကုန်းကျေးရွာတို့ရှိ ရွာလယ် စာသင်ကျောင်းများ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (VDP) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း သိန်း(၁၀၀) လုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရန်အတွက် ချပြရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကျေးရွာ ကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံဘက်မှ တင်ပို့လျက်ရှိသည့် ကျွဲ၊ နွားအရှင်များကို လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်မည်

မြန်မာနိုင်ငံဘက်က ကျန်းမားထောက်ခံချက်များနှင့်အညီ ကျွဲ၊ နွားအရှင်များကို ယခင်(၂၀၁၇) ခုနှစ်မှ စတင်၍ မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (တရားဝင်) တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်က လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ကျွဲ၊ နွားများနှင့်ဆိတ်ရှင်အပါအဝင် စုစုပေါင်း(၁)သောင်းခွဲကျော် မူဆယ်မြို့နှင့် (၁၀၅)မိုင်ကြားရှိ နွားကွင်းတွင် သောင်တင်ပိတ်မိနေကြောင်း ကျွဲ၊ နွားကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

ကွန်ဟိန်းမြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Quarantine Center များဖြစ်သည့် ဟိတကာရီခန်းမ၊ဓမ္မဝိဟာရ ဓမ္မာရုံ၊နမ့်ခုံးခန်းမနှင့် အ-မ-က(လွိုင်ချို)တို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to