နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့က ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။

ဒီးမော့ဆိုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့် ပြုမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ဘောလခဲမြို့နယ် ကျေးလက်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးVideo Conferencing စနစ်ဖြင့် ကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုဘဲ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွား အရှင်တင်ပို့မှုကို လာမည့် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ (တရားဝင်) တင်ပို့နိုင်တော့မည်

မြန်မာနိုင်ငံဘက်က ကျန်းမားထောက်ခံချက်တွေနှင့်အညီ ကျွဲ၊ နွားများကို ယခင် (၂၀၁၇) ခုနှစ်ကစတင်ပြီး မူဆယ်မြို့၊ နယ်စပ်ဒေသကတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (တရားဝင်) တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်မှ လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ကျွဲ၊ နွားနှင့် ဆိတ်ရှင်တို့အပါအဝင် စုစုပေါင်း (၁) သောင်းခွဲကျော် မူဆယ်မြို့နှင့် (၁၀၅) မိုင်ကြား၊ နွားကွင်း၌ သောင်တင်ပိတ်မိနေကြောင်း ကျွဲ၊ နွား ကုန်သည်များထံမှ သိရသည်။

ဖားကန့်၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား ယနေ့နံနက် ၁၀ ခွဲခန့်က တွေ့ခဲ့ရကြောင်း ဆိပ်မူနယ်မြေရဲစခန်းက သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန်နှင့် တစ်ဦးတစ်ယာက် ကောင်းလုပ်ဆောင်ခြင်းထက် အသင်းအဖွဲ့လိုက် စုပေါင်းလုပ်ကိုင်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ဘဏ်နှင့်အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသူများ ဒုတိယအကြိမ် တွေ့ဆုံမှာကြား

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့်အရေးပေါ် တုံပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဘဏ်များ၊ ငွေချေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန် ဒုတိယအကြိမ် အသိပေးရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီ ခွဲအချိန်က မြို့နယ်အထွေထေွအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် Stay At Home ရပ်ကွက်(၅)ခုအတွင်းရှိပြည်သူများ အဓိက လိုက်နာရမည့် အရေးကြီးအချက်(၁၄)ချက်နှင့်ပတ်သက်၍ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ရပ်ကွက်(၅)ခုအား ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၁၀ရက်နေ့မှစတင်ကာ Stay At Home အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမိန့်ထုတ်ပြန်လျက်ရှိရာ အဆိုပါ ရပ်ကွက်အတွင်းရှိပြည်သူများ အဓိကလိုက်နာရမည့် အရေးကြီးအချက် (၁၄) ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ၂နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to