မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centerသို့ အလှူရှင်များမှ အလှူငွေများလာရောက်လှူဒါန်း

မြောက်ဥက္ကလာပ     ဒီဇင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ရောဂါရှိသူများနှင့် ဆက်စပ်သူများ ထားရှိရန် သီးသန့်ဖွင့်လှစ်ထားသည့် Quarantine Center၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Myo & Myint Brothers Co.Ltdမှ MD ဦးကျော်လင်းမိသားစုနှင့် ဝန်ထမ်းများစုပေါင်း၍ အလှူငွေ ကျပ်(၁၀)သိန်းနှင့် ဒေါ်နိုင်နိုင်လင်း အသက်(၅၀)ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁)သိန်းကို လာရောက်လှူဒါန်းရာ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ပြီး အလှူရှင်များ အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက် နေသူများနှင့် Volunteerများအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဖုန်း- ၀၉/ ၄၂၀၁၆၃၇၃၃ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)