ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာဆွေးနွေးပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံ မြေပဲ၊ နေကြာ သီးထပ်စိုက်ပျိုး ထုတ်လုပ်ခြင်းနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက စိန်နန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။