လပွတ္တာ ဒီဇင်ဘာ ၁၂
လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားခြင်းဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ချနိုင်ရန် ရည်ရွယ်လျက်၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်တီ ဖွဲ့စည်း ခြင်းအား (၁၁-၁၂-၂၀၂၀) ယမန်နေ့ နေ့လယ်(၁၂)နာရီကကျောက်တန်းကြီးအုပ်စု၊ ကျောက်တန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လွှတ်တော် ကိုယ်စားလှယ်ရုံးတာဝန်ခံ ဦးစန်းရွှေ၊ မြို့နယ်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်တီဖွဲ့စည်းခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ကျေးလက်ဥပဒေပါ ပြဌာန်းချက်များ ရှင်းလင်းခြင်း၊ ကျေးရွာသူ/သားများ ခံယူလိုက်နာကျင့်သုံးရမည့် ကျေးရွာစိတ်ဓါတ်အကြောင်း ရှင်လင်းခြင်းနှင့် ရေပေးရေး RWS MIS ကောက်ယူခြင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်ခဲ့ကြောင့် သိရ သည်။
ဝင်းကျော်မြင့် (ပြန်/ဆက်)