သရက် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၇) နာရီက ဗိုလ်ချုပ်အားကစားကွင်းအတွင်းဖွင့်လှစ်ထားသည့် ယာယီဈေးနှင့် စည်ပင်သာယာမြို့မဈေးတို့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ်များအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန်ဝေပြီး စနစ်တကျတပ်ဆင်စေ၍ မလိုအပ်ပါက နေအိမ်ပြင်မထွက်ခွာသွားလာခြင်း များမပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး ဟောပြောနှိုးဆော်ကြပြီး Myanmar Fitness Dance အကဖြင့် ပညာပေးသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)