(၆၁) နှစ်မြောက် မြန်မာနိုင်းငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀) ၌ စုပေါင်းသွေးလှူဒါန်း
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။