ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်

ကိုကိုးကျွန်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ပုံပြင်၊ သီချင်း၊ ကဗျာ စသောအကြောင်းအရာများ ပါဝင်ပြီး ကလေးငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့စံထံမှ သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)