ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၊ ဟင်္သာခန်းမ၌ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။