ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဖြန့်ဖြူးမည့် ဒေသနွားမ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောက်စုတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဖြန့်ဖြူးမည့် ဒေသနွားမ (နွားပြာစိမ်း) ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။