နာဂ ဒေသလဟယ်မြို့တွင် MEVM မဲပေးစက် ထိန်းချုပ် ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်း သင်တန်းဖွင့်လှစ်

လဟယ် စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်းသင်တန်းဖွင့်ကိုယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ် ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။

ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက သင်တန်းအဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဒေသ/မြို့နယ် ရွေးကောက်ပွဲအရာရှိ များက MEVM စက်ဖြင့် မဲပေးပုံ ပေးနည်းကိုရှင်းလင်းပြီး ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းများ/ သင်တန်းသားသင်တန်းသူများက မြန်မာအီလက်ထောနစ် မဲပေးစက်ဖြင့်စမ်းသပ်မဲပေးကြပါသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ရိုက်ကူးပါသည်။

အဆိုပါ သင်တန်းတွင် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်း (၇၁) ဦး၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှစေတနာ့၀န်ထမ်း (Volunteer) (၃၈) ဦးစုစုပေါင်း (၁၀၉) ဦးအား သင်တန်းနည်းပြဆရာ (၃) ဦးကစာတွေ့လက်တွေ့ (၂) ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်ဒေသအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွင့်၀င်များ၊ မြို့နယ်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များသင်တန်းသား /သူများ တက်ရောက်ခဲ့ကြောင်း သိရသသည်။

မြို့နယ် (ပြန်/ဆက်)