သာစည်မြို့နယ်၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာ (၁) လစာပေးအပ်ပွဲ ကျင်းပ

သာစည် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၁) လစာ ပေးအပ်ပွဲကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များက ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆန်ရိက္ခာများ ထောက်ပံ့ပေးရာတွင်ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုရှိ ပြည်သူ ၁၉၄၀ ဦးတို့အား တစ်လစာ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)