ဟိုပုံး စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမအကြိမ် နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က နောင်တောင်းပရဟိကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သာသနာလင်္ကာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာလင်္ကာရက ၂၀၂၅ ခုနှစ်၊ နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲဝင်ရောက် ဖြေဆိုကြမည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအတန်းလိုက် ဖောင်သွင်းစာရင်းချုပ်များကိုလည်းကောင်း၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တရာ ဇိန္ဒသိရီက ယခုလက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဖာလွိုင်ဗွေလွန်းကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ က ၂၀၂၄ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာ သနာလင်္ကာရ စာမေးပွဲအတွက် အလှူခံရရှိငွေနှင့် သုံးငွေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း မိန့်ကြား သည်။ ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ခွန်စံလွင်က စာမေးပွဲဖြစ်မြောက်ရေးအတွက် လျှောက်ထားသည်။ ယင်းနောက် ဓမ္မာလင်္ကာရ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယက ပဉ္စမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာ လင်္ကာရသာမဏေကျော်စာမေးပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်းမူကြမ်းအား အဆိုတင် သွင်းပြီး တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နာဂပုရသာမဏေကျော် စာမေးပွဲတွင် စာဖြေရန် ကြွရောက်လာကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့၏ နေရာချထားပေးမှု အခြေအနေများ၊ ဆွမ်း၊ ခဲဖွယ်များချက်ပြုတ် စီစဉ်ဆောင်ရွက်ထားရှိမှု ဝေယျာဝစ္စနှင့် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီး၊ ရေ၊ ဘဏ္ဍာငွေသုံးစွဲမှု အခြေအနေများ၊ အခမ်းအနား ပြင်ဆင်နေမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမည့် အခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆိုမှု မရှိစေရေးအတွက် စီစဉ်ဆောင်ရွက် မည့်အစီအမံများ၊ ဆရာတော်၊ သံဃာတော်များအား ကြိုဆိုရေးယာဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖွင့်ပွဲပြု လုပ်မည့် အစီအမံများ၊ ဆွမ်းဆန်စီမ်းလောင်းလှူပွဲပြုလုပ်မည့် အစီအမံများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အလှူရှင်များက နာဂပုရသာသနာလင်္ကာရ စာမေးပွဲတော်ကြီးအတွက် အလှူငွေများပေးအပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် နာဂပုရ သာသနာလင်္ကာရအသင်းကြီး ဥက္ကဋ္ဌ ခွန်စံလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ နာဂပုရသာမဏေကျော်စာမေးပွဲကြီးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများမှ စာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၃၀၀)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ ၎င်းနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ခွန်စံလွင်နှင့် တာဝန်ရှိသူများသည် နာဂပုရသာသနာလင်္ကာရစာမေးပွဲတော်ကြီးအတွက် ကြိုတင်ပြင်ဆင်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)