ပေါင် စက်တင်ဘာ ၂၉
မွန်ပြည်နယ် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကိုင်ဆောင်ထားသူ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာရင်းကောက်ယူခဲ့ကြောင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူနေမှုကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စာရင်းရေးသွင်းကောက်ယူပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)